back

မြစ်ကြီးနားမြို့မှာ ရှမ်းရိုးရာ သင်္ကြန်ပွဲတော်ပြုလုပ်မယ်

Apr 10 • 2:51 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့မှာ ရှမ်းရိုးရာ သင်္ကြန်ပွဲတော်ပြုလုပ်မယ်

ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ဒေသခံများမှ သိရပါတယ...

ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ဒေသခံများမှ သိရပါတယ်။နောင်ခမ်းရှမ်းရွာ၊ ကံသာရာမ ကျောင်းတိုက်မှာ ပြုလုပ်မှာဖြစ်ပြီး သင်္ကြန် အကြိုနေ့ နဲ့ အတက်နေ့ ( ၂) ရက် ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၁၁ နာရီမှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ၁၂ နာရီမှာ ရှမ်းရိုးရာ ဓလေ့ထုံးတမ်းအရ ရေသပ္ပာယ်မယ့်ဘုရားဆင်းတု ပင့်ဆောင်ခြင်း၊ သဲပုံစေတီ ပြုလုပ်ခြင်း၊ယိမ်းအကအဖွဲ့များဖျော်ဖြေခြင်းနဲ့အတူ  စတုဒီတာအဖြစ် ရိုးရာမုန့်ကျွေးမွေးပြုလုပ်ခြင်းများ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကျန်တဲ့ကြားရက်ဖြစ်တဲ့ အကြတ်နေ့နဲ့ အကျနေ့များကိုတော့ အဖိုးအဖွားနဲ့ ဥပုသ်သီလခံယူတဲ့သူများ ကျောင်းတက်တာတွေရှိတာကြောင့် မပြုလုပ်တာ ဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်တွင်လည်း အလားတူ ရှမ်းရိုးရာသင်္ကြန်ပွဲပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။




news-view-count-icon

22