ကမ္ဘောဇဘဏ်၏ တောင်ဒဂုံစက်မှုဇုန် ဘဏ်ခွဲတွင် မီးစက်အသုံးပြုရန်လိုအပ်သော စက်သုံးဆီ မလုံလောက်မှုကြောင့် EPC လျှပ်စစ်မီး ရရှိချိန်များတွင်သာ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။သင်္ကြန်ပိတ်ရုံပတ်ရက်နီးနေသည့်အတွက် ဘဏ်များတွင် ငွေထုတ်သူများ၊ ငွေလွှဲသူများနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ ဝန်ဆောင်မှုများနေချိန်တွင် ယခုကဲ့သို့ တာဝန်ယူမှူ့ မရှိသည့် အပေါ် စိတ်ပျက်နေကြောင်း သူမက ဆက်လက်ပြောကြားသည်။ထို့အပြင် သင်္ကြန်ပိတ်ဖြစ်သည်နှင့်အညီ ဘဏ်ထဲမှ ငွေထုတ်ယူသူများနေသည့်အတွက် မိမိဘဏ်စာအုပ်ထဲမှ ငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရပြီး KBZ (ယောက်ကော်ဇုန်ဘဏ်ခွဲ)တွင် လူတစ်ဦးကို ကျပ်သိန်း ၃၀ သာထုတ်ပေးကြောင်း အဆိုပါဘဏ်မှ ငွေသွားရောက်ထုတ်ယူသူ တစ်ဦးက ပြောသည်။



