မန်ယူအသင်းသည် လာမည့် ၂၀၂၆-၂၇ ဘောလုံးရာသီကြိုကာလတွင် ဥရောပ ၄ နိုင်ငံ၌ ခြေစမ်းပွဲ ၅ ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း တရားဝင်အတည်ပြု ထုတ်ပြန်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် ဖင်လန်၊ နော်ဝေ၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် ဖင်လန်၌ ရက်ခ်ဆမ်၊ ဇူလိုင် ၂၄ ရက်တွင် နော်ဝေ၌ ရိုစင်ဘော့အသင်းတို့နှင့် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ထို့နောက် သြဂုတ် ၁ ရက်တွင် ဆွီဒင်၌ အက်သလက်တီကိုအသင်းနှင့် "Snapdragon Cup" ဆုဖလားအတွက် ယှဉ်ပြိုင်မည်ဖြစ်ကာ၊ သြဂုတ် ၈ ရက်တွင် ပြင်သစ်ထိပ်သီး PSG နှင့်လည်းကောင်း၊ သြဂုတ် ၁၂ ရက်တွင် လိဒ်စ်အသင်းနှင့် အိုင်ယာလန်၌လည်းကောင်း "Snapdragon Tour" အဖြစ် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခုနှစ် ရာသီကြိုခရီးစဉ်မှာ ဥရောပအတွင်း၌သာ အာရုံစိုက်ကျင်းပသွားမည်ဖြစ်ပြီး အသင်းကြီးများနှင့် ထိပ်တိုက်တွေ့ဆုံမည့် ပွဲစဉ်များပါဝင်နေသဖြင့် ပရိသတ်များ စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။
Apr 10 • 7:41 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


