မကွေးတိုင်း၊ ယင်းချောင်းတစ်လျှောက်ရှိ ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သော်လည်း ဈေးကွက်အတွင်း ကြက်သွန်ဈေးနှုန်းများ ကျဆင်းနေသည့်အတွက် အရင်းအနှီးပြန်ရရန်ပင် ရုန်းကန်နေရကြောင်း သိရသည်။ ယခင်နှစ်က ကြက်သွန်ခင်းအထိ လာရောက်ဝယ်ယူသည့် လက်လီဈေးမှာ တစ်ပိသာလျှင် ကျပ် ၂,၅၀၀ ဝန်းကျင်ရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ကျပ် ၁,၅၀၀ ခန့်သာ ရှိတော့သည့်အတွက် တောင်သူအချို့မှာ ထုတ်မရောင်းသေးဘဲ ဈေးတက်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ကြက်သွန်အပြင် အာလူးစိုက်ပျိုးသည့် ဒေသခံတောင်သူများသည်လည်း အလားတူ ဈေးမရရှိသည့်ပြဿနာကြောင့် အရှုံးပေါ်နေကြောင်း သိရှိရပါသည်။
မကွေးတိုင်း၌ ကြက်သွန်နီ အထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းထက်ဝက်နီးပါး ကျဆင်းမှုကြောင့် တောင်သူများ အခက်တွေ့
Apr 10 • 7:36 AM
Myanmar
Magway
Share
| 20 | 0 | 0 | 0 |


