ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားနှစ်ဦးဖြစ်သော မမိုးသန္တာလွင်နှင့် ကိုကျော်မိုးလှိုင်တို့သည် စုစုပေါင်း လျော်ကြေးငွေ ဘတ် ၁၂ သိန်း ရရှိခဲ့ကြောင်း အလုပ်သမားအရေး ကူညီပေးနေသည့် WAG အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ရတ်ချ်ဘူရီခရိုင်ရှိ သစ်လုပ်ငန်းတွင် လုပ်ကိုင်ရင်း ညာဘက်လက် ဖြတ်ခဲ့ရသည့် မမိုးသန္တာလွင်သည် နစ်နာကြေး ဘတ် ၆၅၀,၀၀၀ ရရှိခဲ့ပြီး၊ ဆုန်ခလာခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် ဓာတ်လိုက်ကာ ညာဘက်ခြေသလုံး ဖြတ်ခဲ့ရသည့် ကိုကျော်မိုးလှိုင်မှာမူ နစ်နာကြေး ဘတ် ၅၅၀,၀၀၀ ရရှိခဲ့ခြင်းဖြစ်သည်။အဆိုပါ လျော်ကြေးငွေများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံး (ဆဝါဒီကန်ရုံး) များ၏ သတ်မှတ်ချက်အတိုင်း ဧပြီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် အသီးသီး ရရှိခဲ့ကြခြင်း ဖြစ်သည်။ 
Apr 10 • 7:35 AM
Thailand
Local News
Share
| 18 | 0 | 0 | 0 |


