ထိုင်းနိုင်ငံ၏ ဆုန်ခရန်သင်္ကြန်ကာလ "အန္တရာယ်ရှိသော ၇ ရက်" အဖြစ် သတ်မှတ်ထားသည့် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အတွင်း ယာဉ်မတော်တဆမှုများ လျှော့ချနိုင်ရန် ယာဉ်စည်းကမ်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ယာဉ်မတော်တဆမှု လျှော့ချရေးဗဟိုဌာနကို ဧပြီလ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် ၃ နှစ်တာ ပျမ်းမျှစာရင်းထက် သေဆုံးမှုနှုန်းကို အနည်းဆုံး ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်မှန်းထားကာ၊ အထူးသဖြင့် အရက်သောက်ပြီး မောင်းနှင်ခြင်း၊ အရှိန်ပြင်းမောင်းခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်းတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ခရီးသွားသန်းပေါင်းများစွာ သွားလာမည့် ယခုကာလတွင် လမ်းပိုင်းဆိုင်ရာ လုံခြုံရေး၊ ယာဉ်ကြံ့ခိုင်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကိုလည်း နယ်ပယ် ၅ ခုခွဲ၍ စစ်ဆင်ရေးသဖွယ် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 10 • 6:41 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


