back

AirAsia Xလေယာဉ်လက်မှတ်ဈေး ၄၀ ရာခိုင်နှုန်းမြင့် တက်

Apr 10 • 6:40 AM

breaking-news

Myanmar

Local

cover

AirAsia Xလေယာဉ်လက်မှတ်ဈေး ၄၀ ရာခိုင်နှုန်းမြင့် တက်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ လောင်စာဆီ ဈေးနှုန်းများမှာလည်းမတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မလေးရှား နိုင်င...

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ လောင်စာဆီ ဈေးနှုန်းများမှာလည်းမတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မလေးရှား နိုင်ငံအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia X  သည် ၎င်း တို့၏လေယာဉ်လက်မှတ်ဈေးနှုန်းများကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်းThe  Nation Thailand သတင်းဌာနက ဧပြီ ၇ ရက်တွင် ရေးသား ဖော်ပြထားသည်။“လေယာဉ်ဆီဈေးနှုန်းက တစ်ဟုန်ထိုး မြင့်တက်နေတယ်။ ငြိမ်သွားရင်လည်း ခဏပဲ။ အကျမရှိ ဘူး၊ အတက်ပဲရှိနေတော့ ကျွန်တော်တို့အတွက် အဆင်မပြေတော့ဘူး။ ရေရှည် အရှုံးကို တောင့်ခံနိုင်မှုမရှိတော့တာကြောင့် မဖြစ်မနေလက်မှတ်ဈေးတွေ တက်လိုက်ရ တာပါ။ ခုတော့ လက်မှတ်ဈေးနှုန်းကို ၄၀ရာခိုင်နှုန်းနဲ့ စက်သုံးဆီအတွက် ထပ်ဆောင်းခ (Fuel Surcharge) ကို ၂၀ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ် ချက်ချလိုက် ပါပြီ”ဟု AirAsia Xမှအမှုဆောင်အရာရှိချုပ်ဖြစ်သူ Bo Lingam က ပြောသည်။လက်ရှိတွင် လေကြောင်းလိုင်းသည် လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချရန်အတွက် ခရီးစဉ် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချထားကြောင်း၊ အမြတ်မထွက်သည့် ခရီးစဉ်လမ်းကြောင်းများကို အပြီးတိုင်ဖျက်သိမ်းခြင်း သို့မဟုတ် ယာယီရပ်နားခြင်းများ လုပ်ဆောင်နေကြောင်းနှင့် ကုန်ကျစရိတ် သက်သာစေရန်လေယာဉ်ပြုပြင်ထိန်းသိမ်းမှု (Maintainence Schudules) အချို့ကို ညှိနှိုင်းရွှေ့ဆိုင်းထားကြောင်း သိရသည်။ အခြားတစ်ဖက်တွင် AirAsia X၏ ရှယ်ယာဈေးနှုန်းများမှာလည်း ၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

27