back

ကယားပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းတနေရာမှာ "၂၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ " အခမ်းအနား အကြိုပွဲ ကျင်းပ

Apr 10 • 3:52 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းတနေရာမှာ "၂၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ " အခမ်းအနား အကြိုပွဲ ကျင်းပ

ကယားပြည်နယ်၌ ဧပြီလ (၉)ရက်နေ့ ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတရွာမှာ " ၂၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ " အခမ်းအနား အကြိုပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။“...

ကယားပြည်နယ်၌ ဧပြီလ (၉)ရက်နေ့ ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတရွာမှာ " ၂၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ " အခမ်းအနား အကြိုပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။“ကယန်းအမျိုးသားနေ့တော့ မနက်ဖန်မှပေါ့။ မနက်ဖန်က တခြားနေရာတွေလည်းလုပ်တော့ လူကြီးတွေမလာနိုင်မှာစိုးလို့ ကြိုလုပ်လိုက်တာပေါ့” လို့ ပွဲတာဝန်ခံတဦး ကိုလင်းလင်းက ပြောပါတယ်။အကြိုပွဲ အခမ်းအနားမှာတော့ တာဝန်ရှိသူတွေကနေ အဖွင့်အမှာစကားပြောကြားတာ အပြင် ကယန်းရိုးရာ စပါးထောင်း၊ ကြက်တောင်းယှက် စတဲ့ ပြိုင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဘော်လီဘော၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်၊ ခေါင်းအုန်းရိုက် စတဲ့ အားကစားပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနား အကြိုပွဲကို ခန့်မှန်းခြေ လူဦးရေ (၃၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

news-view-count-icon

20