ရှမ်းမြောက် မူဆယ်မြို့ကနေ ကွတ်ခိုင်မြို့ကို အလုပ်လုပ်ဖို့ လာတဲ့ အမျိုးသားတစ်ဦးနဲ့ တစ်လနီးပါးကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။အသက် ၃၀ အရွယ်ရှိတဲ့ ကိုကျော်သူအောင်ဆိုသူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ မူဆယ်ကနေ ကွတ်ခိုင်ကို အလုပ်လုပ်ဖို့ဆိုပြီး ဆင်းလာခဲ့ပြီးနောက် ရက်ပိုင်းမကြာမီမှာပင် အဆက်အသွယ်ပျက်သွားတယ်လို့ ၎င်းရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် ကိုကျော်သူအောင်ကို တွေ့ရှိသူတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားပေးဖို့ကို မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
Apr 10 • 3:51 AM
Myanmar
Shan
Share
| 20 | 0 | 0 | 0 |


