ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းမြို့နယ်များတွင် ၁၀ ရက်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေမှုကို၎င်းယနေ့ (ဧပြီလ ၁၀ ရက်) ညပိုင်းတွင် ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် လျှပ်စစ်ဝန်ထမ်းများသည် စက်ယန္တရားများအသုံးပြုရန် ခက်ခဲသော တောတောင်ထူထပ်သည့်နေရာများ၌ ဓာတ်တိုင်များကို လူအင်အားဖြင့် ပခုံးထမ်းသယ်ယူကာ အသက်စွန့်ပြုပြင်နေကြရခြင်းဖြစ်ပြီး၊ ညနေပိုင်းတွင် ပြုပြင်ခြင်းလုပ်ငန်းများအားလုံး ပြီးစီးမည်ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ထပ်မံမရှိခဲ့ပါက ယနေ့ညပိုင်းတွင် ခရိုင်တစ်ခုလုံး အမှောင်ထုမှ ကင်းဝေးကာ လျှပ်စစ်မီးပြန်လည်ရရှိမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် သတင်းကောင်းဖြစ်နေပါသည်။
မိုးညှင်းခရိုင်အတွင်း ၁၀ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်မှု ယနေ့ညပိုင်းတွင် ပြန်လည်ရရှိရန် ၉၀ ရာခိုင်နှုန်းသေချာ
Apr 10 • 2:51 AM
Myanmar
Kachin
Share
| 20 | 0 | 0 | 0 |


