back

မန္တလေး၌ ပြည်ပဝယ်လိုအားကြောင့် မြေထောက်ပဲဈေးနှုန်း မြင့်တက်

Apr 10 • 1:20 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ ပြည်ပဝယ်လိုအားကြောင့် မြေထောက်ပဲဈေးနှုန်း မြင့်တက်

မန္တလေးဈေးကွက်အတွင်း မြေထောက်ပဲကို ပြည်ပမှ ဝယ်ယူမှုများနေတဲ့အတွက်ဈေးနှုန်းမြင့်တက်နေတယ်လို့ပွဲရုံပိုင်ရှင်တွေဆီကသိရပါတယ်။အဲဒီမြေထောက်ပဲဈေးနှုန်းဟာ အရင်နှစ်တွေနဲ...

မန္တလေးဈေးကွက်အတွင်း မြေထောက်ပဲကို ပြည်ပမှ ဝယ်ယူမှုများနေတဲ့အတွက်ဈေးနှုန်းမြင့်တက်နေတယ်လို့ပွဲရုံပိုင်ရှင်တွေဆီကသိရပါတယ်။အဲဒီမြေထောက်ပဲဈေးနှုန်းဟာ အရင်နှစ်တွေနဲ့နှိင်းယှဉ်လို့ရှိရင်အခုနှစ်မှာဈေးနှုန်းပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကမြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ်၂၈၀,၀၀၀ ကျပ်ရှိခဲ့ပြီးအခုနှစ်မှာ၃၃၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ပဲပွဲရုံပိုင်ရှင်ဦးစိုးဝင်းမြင့်ကပြောပါတယ်။ မြေထောက်ပဲတွေကိုတရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ၊အရှေ့အလယ်ပိုင်းဒေသတွေကိုလည်းတင်ပို့ရောင်းချရတယ်လို့ဆိုပါတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှဝယ်ယူထားတဲ့မြေထောက်ပဲတွေကိုအဆင့်မြင့်ထုတ်ကုန်တွေအဖြစ်ပြန်လည်ထုတ်လုပ်ကာ ရောင်းချကြတယ်လို့ဆိုပါတယ်။

news-view-count-icon

15