ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI) ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီလ ၁၃ ရက်မှ ဧပြီလ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကိုရပ်နားထားမည်ဖြစ်သည်။ထို့နောက် လာမည့် ဧပြီလ ၁၈ ရက်မှ စတင်၍ CI ထုတ်ပေးရေးစခန်းများကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များအားလုံး ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



