back

ဟဲဟိုးဈေးနေ့တွင် အိတ်ကိုဓားနှင့်ခွဲပြီး ခါးပိုက်နှိုက်မှု ဖြစ်ပွားမှုများနေ

Apr 09 • 4:14 PM

breaking-news

Myanmar

Shan

cover

ဟဲဟိုးဈေးနေ့တွင် အိတ်ကိုဓားနှင့်ခွဲပြီး ခါးပိုက်နှိုက်မှု ဖြစ်ပွားမှုများနေ

ရှမ်းပြည်နယ်‌ တောင်ပိုင်း၊ ကလောမြို့နယ်ရှိ ဟဲဟိုးမြို့တွင် ဧပြီလ ၈ ရက်နေ့၌ ဟဲဟိုးဈေးနေ့အတွင်း အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးသည် ဈေးသွားရင်း လွယ်အိတ်ကို ဓားဖြင့် ...

ရှမ်းပြည်နယ်‌ တောင်ပိုင်း၊ ကလောမြို့နယ်ရှိ ဟဲဟိုးမြို့တွင် ဧပြီလ ၈ ရက်နေ့၌ ဟဲဟိုးဈေးနေ့အတွင်း အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးသည် ဈေးသွားရင်း လွယ်အိတ်ကို ဓားဖြင့် ခွဲဖောက်ခံရပြီး ဖုန်းတစ်လုံး ခိုးခံလိုက်ရကြောင်း သိရသည်။ ထိုအမျိုးသမီးမှာ မိုးမခရွာမှ ဈေးသို့ လာရောက်ဝယ်ယူစဉ် အိတ်ခွဲခံရခြင်း ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့တွင်လည်း ဟဲဟိုးဈေးနေ့၌ အမျိုးသမီးတစ်ဦး အိတ်ခွဲခံရမှု ဖြစ်ပွားခဲ့ပြီး ပစ္စည်းများ ဆုံးရှုံးသွားကြောင်း သိရသည်။ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ အမှုများသည် လူအစုအဝေးများသော ဈေးနေ့များတွင် ဖြစ်ပွားလေ့ရှိပြီး ပြစ်မှုကျူးလွန်သူများက လူရှုပ်နေချိန်တွင် အာရုံလွှဲစေသော နည်းလမ်းများကို အသုံးပြုကြောင်း သိရသည်။ 


news-view-count-icon

22