back

တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦးလိုက်ပါလာသော ခုနစ်စီးပါယာဉ်တန်းကို မလေးရှားနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

Apr 09 • 4:10 PM

breaking-news

Malaysia

Local

cover

တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦးလိုက်ပါလာသော ခုနစ်စီးပါယာဉ်တန်းကို မလေးရှားနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

မလေးရှား နယ်ခြားစောင့် ရဲတပ်ဖွဲ့ (General Operations Force - GOF) ဟာ ဧပြီလ ၈ ရက် မနေ့က ကလန်တန်ပြည်နယ်၊ မီလို (Melor) မြို့အနီး၊ ကမ်ပန်ဘူလိုပို (Kampung Buloh Po...

မလေးရှား နယ်ခြားစောင့် ရဲတပ်ဖွဲ့ (General Operations Force - GOF) ဟာ ဧပြီလ ၈ ရက် မနေ့က ကလန်တန်ပြည်နယ်၊ မီလို (Melor) မြို့အနီး၊ ကမ်ပန်ဘူလိုပို (Kampung Buloh Poh) ရှိ ဘူလိုပို အဝေးပြေးလမ်းထွက်ပေါက်မှာ တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးလိုက်ပြီး လူမှောင်ခိုဂိုဏ်းတစ်ခုကို ဖြိုခွင်းနိုင်ခဲ့ပါတယ်။ အဆိုပါ ကားတွေကို မြန်မာနိုင်ငံသားတွေကပဲ မောင်းနှင်လာတာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်ဖို့ အသုံးပြုခဲ့တာလို့ ယူဆရပါတယ်။ စစ်ဆေးချက်တွေအရ အဲဒီကားတွေပေါ်မှာ အသက် ၁၈ နှစ်ကနေ ၄၀ ကြားရှိတဲ့ မြန်မာနိုင်ငံသား ၃၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၂ ဦးကို တင်ဆောင်လာတာ တွေ့ရှိခဲ့ရပါသည်။




news-view-count-icon

2