back

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းမင်းသမီး သီရိဒုံတို့ တွေ့ဆုံ

Apr 09 • 4:08 PM

breaking-news

China

Local News

cover

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းမင်းသမီး သီရိဒုံတို့ တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနိုင်ငံမှ မင်းသမီး မဟာချက်ကရီ သီရိဒုံနှင့် ဧပြီလ ၈ ရက် ဗုဒ္ဓဟူးန...

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနိုင်ငံမှ မင်းသမီး မဟာချက်ကရီ သီရိဒုံနှင့် ဧပြီလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။ မင်းသမီး သီရိဒုံအား တရုတ်နိုင်ငံသားတို့၏ မိတ်ဆွေရင်းတစ်ဦးအဖြစ် အသိအမှတ်ပြုပြီး ဝမ်ယိက ဆက်လက်ပြောကြားရာ၌ မင်းသမီးသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ဝါဒနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့သူဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ထူးခြားပြောင်မြောက်သော ကြိုးပမ်းအားထုတ်မှုများနှင့် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ဆိုထားသည်။ တရုတ်နိုင်ငံအနေဖြင့် ခေါင်းဆောင်နှစ်ဦး၏ သဘောတူညီချက်များကို အခြေခံလမ်းညွှန်ချက်အဖြစ် ထားရှိကာ ချစ်ကြည်ရေးအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။



news-view-count-icon

4