back

❝ဆုန်ကရန်ကာလ ထိုင်းနိုင်ငံရှိ အမြန်လမ်းများအား အခမဲ့ အသုံးပြုခွင့်ပေးမည်❞

Apr 09 • 4:07 PM

breaking-news

Thailand

Local News

cover

❝ဆုန်ကရန်ကာလ ထိုင်းနိုင်ငံရှိ အမြန်လမ်းများအား အခမဲ့ အသုံးပြုခွင့်ပေးမည်❞

ဧပြီလ ဆုန်ကရန်ပိတ်ရက်ရှည်တွေမှာ ခရီးသွားလာမှု လွယ်ကူချောမွေ့စေဖို့၊ ယာဥ်ကြောပိတ်ဆို့တာတွေ လျှော့ချနိုင်ဖို့ ထိုင်းအစိုးရက အမြန်လမ်းတချို့ကို လမ်းအသုံးပြုခ ကောက်...

ဧပြီလ ဆုန်ကရန်ပိတ်ရက်ရှည်တွေမှာ ခရီးသွားလာမှု လွယ်ကူချောမွေ့စေဖို့၊ ယာဥ်ကြောပိတ်ဆို့တာတွေ လျှော့ချနိုင်ဖို့ ထိုင်းအစိုးရက အမြန်လမ်းတချို့ကို လမ်းအသုံးပြုခ ကောက်ခံတာတွေ ကင်းလွတ်ခွင့်ပေးသွားမှာပါ။ (၇) ရက်ကြာအခမဲ့ အသုံးပြုနိုင်မယ့်လမ်း (ဧပြီ ၁၀ ရက် ည သန်းခေါင် ၁၂ နာရီ မှ ဧပြီ ၁၆ ရက် ညသန်းခေါင်အထိ)


Motorway No. 7: ဘန်ကောက် - ချွန်ပူရီ - ပတ္တရား။


Motorway No. 9: ဘန်ကောက်မြို့ပတ်လမ်း (Kanchanaphisek Road) - Bang Pa-in မှ Bang Phli အပိုင်းနှင့် Phra Pradaeng မှ Bang Khun Thian အပိုင်း။


Motorway No. 81: Bang Yai မှ Kanchanaburi အပိုင်း။


Expressway အသုံးပြုခကင်လွတ်ခွင့်ရမယ့်လမ်းတွေက


Burapha Withi (Bang Na-Chonburi) နှင့် Kanchanaphisek (Bang Phli-Suksawat) အမြန်လမ်းများကို ၇ ရက်ကြာ (ဧပြီ ၁၀ - ၁၆) အထိအခမဲ့


Chalerm Maha Nakhon, Si Rat နဲ့ Udon Ratthaya အမြန်လမ်းများကို (ဧပြီ ၁၃ - ၁၅) (၃) ရက် အခမဲ့ နဲ့


Motorway No. 6 (Bang Pa-in - Nakhon Ratchasima): လမ်းပိုင်းကို ယာဉ်ကြောပိတ်ဆို့မှုအပေါ်မူတည်ပြီး လမ်းကြောင်းတစ်ဖက်ဖွင့်စနစ် (One-way) နဲ့ ဧပြီ ၁၀ - ၁၉ ရက်အထိ အခမဲ့ သုံးခွင့်ပေးမှာပါ။



news-view-count-icon

10