အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ စျေးသက်သာတဲ့ နည်းလမ်းတခုအဖြစ် ဒေါ်လာ ၂,၅၀၀ တန် ကြားဖြတ်ဒရုန်းတွေကို အမြောက်အမြားထုတ်လုပ်ဖို့ ဂျပန်ဒရုန်းထုတ်လုပ်သူတယောက်က ယူကရိန်း မိတ်ဖက်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲ စကတည်းက အီရန်အစိုးရဟာ ရုရှားက ယူကရိန်းမှာ သုံးတဲ့ ရှာဟိဒ်ဒုံးကျည်တွေ အပါအဝင် ဈေးပေါတဲ့ ဒရုန်းတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ခဲ့ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဒုံးကျည်တွေကို ပစ်ချဖို့ ဈေးကြီးတဲ့ ကြားဖြတ်ဒုံးပျံတွေကို အဓိက အားကိုးခဲ့ကြပါတယ်။ တယ်ရာဒရုန်း ကော်ပိုရေးရှင်းရဲ့ ကြားဖြတ်တိုက်လေယာဉ် ဒရုန်းတခုစီရဲ့ ဈေးနှုန်းက ၂,၅၂၆ ဒေါ်လာပါ။



