ဂျပန်ပြည်သူလူထု အမြောက်အမြားသည် ဧပြီ ၈ ရက် ညပိုင်းတွင် တိုကျိုမြို့ရှိ အမျိုးသားလွှတ်တော်ရုံးရှေ့တွင် စုဝေးကာ ဆာနာအဲ တာကာအိချိအစိုးရ၏ တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မှု၊ သေစေနိုင်သော လက်နက်များ တင်ပို့မှု တားမြစ်ချက်များကို ရုပ်သိမ်းရန် ကြိုးပမ်းမှု စသည့် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ဆီးသည့် လုပ်ရပ်များကို ကန့်ကွက်ခဲ့ကြသည်။ စုဝေးပွဲတွင် ဆန္ဒပြသူများက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ ကို ကာကွယ်ပါ”၊ “စစ်ပွဲအလိုမရှိ” ၊ “တာကာအိချိ အစိုးရ ချက်ချင်းနုတ်ထွက်ပါ” စသည့် စာသားများရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ကန့်ကွက်ပါတယ်” နှင့် “စစ်ဖြစ်ခြင်းကို ဆန့်ကျင်ပါတယ်” စသည့် ဆောင်ပုဒ်များ ကြွေးကြော်ကာ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရန် တောင်းဆိုခဲ့ကြသည်။



