အင်းစိန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့်တော်ဝင်လမ်းထောင့်တွင် နေ့လည် ၃ နာရီခွဲခန့်က ယာဉ်တို_က်မှုဖြစ်ပွားပြီး အမျိုးသား(၁)ဦးညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှကယ်ထုတ်မှုများပြုလုပ်ခဲ့ကြပြီးနောက် ထိခို_က်ဒ_ဏ်ရာများ(မစိုးရိမ်ရ)ရရှိထား၍ ရွှေမေတ္တာလူမှုကူညီရေးအသင်းက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ထို့ပြင် နံနက် ၅ နာရီ ၄၅ မိနစ်ကျော်ခန့်ကလည်း သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာ၊ ရေကြောင်းတက္ကသိုလ်လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမောင်းသူမှာခေါင်းခန်းအတွင်းညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှကယ်ထုတ်မှုများပြုလုပ်ခဲ့ကြပြီး ထိခို-က်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိထား၍ မဟော်သဓာလူမှုကူညီရေးအသင်းက သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ထို့အတူ နံနက် ၃ နာရီခွဲကျော်ခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင်နေ အိမ်မီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၃၆ မိနစ်၌မီး ငြိမ်းသွားခဲ့ကြောင်း သိရသည်။ထို့ပြင် နံနက် ၁ နာရီခန့်ကလည်း ဒေါပုံမြိုနယ်၊ နွယ်အေးရပ်ကွက်၊ နွယ်နီ(၄)လမ်းတွင် တိုက်ခန်းမီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။



