ဂျပန်၊Iwate တက္ကသိုလ်မှ သုတေသနပညာရှင်များကကြောင်များ အစားစားသည့်အခါ အကုန်မစားဘဲ ချန်ထားလေ့ရှိခြင်းမှာ ဗိုက်ပြည့်သွားခြင်းကြောင့်သာမက အစားအစာ၏ အနံ့ကို ရိုးသွားခြင်း (Scent Habituation) ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဧပြီလ ၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ပရော်ဖက်ဆာ Masao Miyazaki ဦးဆောင်သော အဖွဲ့သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၃ နှစ်ကြာ လေ့လာမှုပြုလုပ်ခဲ့ရာတွင် ကြောင်များသည် အစားအစာတစ်ခုတည်းကိုပင် အနံ့ခဏခဏရနေပါက စားချင်စိတ် လျော့နည်းသွားတတ်ကြောင်း တွေ့ရှိခဲ့ရသည်။သို့သော် အဆိုပါအစားအစာကိုပင် အနံ့အသစ်တစ်ခု (ဥပမာ- အခြားအစားအစာ၏အနံ့) ထပ်မံဖြည့်စွက်ပေးလိုက်ပါက ကြောင်များ၏ စားချင်စိတ် ပြန်လည်နိုးထလာသည်ကို သတိပြုမိခဲ့ကြသည်။ ဤသုတေသနရလဒ်သည် ကြောင်များ အဘယ်ကြောင့် အစားကို နည်းနည်းနှင့် ခဏခဏ စားတတ်ကြသနည်းဆိုသည့်အချက်ကို သိပ္ပံနည်းကျ ရှင်းပြနိုင်ခဲ့သည်။ ပညာရှင်များက ဤတွေ့ရှိချက်ကို အသုံးပြု၍ အစားအသောက်ပျက်နေသော နာမကျန်းကြောင်များအတွက် အနံ့အသစ်များ ထည့်သွင်းပေးခြင်းဖြင့် အာဟာရပိုမိုမှီဝဲနိုင်စေရန် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
Apr 09 • 4:56 AM
Japan
Local News
Share
| 11 | 0 | 0 | 0 |


