ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့တွင် ယခုနောက်ပိုင်းတွင် လူနေထူထပ်လာပြီး၊ ရေမြောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်များပစ်ချခြင်းကြောင့် ရေမြောင်းများ ပိတ်ဆို့နေပြီး ပုပ်သိုးမှုများ ဖြစ်ကာ အနံ့ဆိုးများ ပိုမိုထွက်ပေါ်လာသည်။တောင်ကြီးမြို့သည် သန့်ရှင်းသပ်ရပ်မှုနှင့် အေးချမ်းသာယာမှုကြောင့် လူသိများသော်လည်း ယခုလို ရေမြောင်းမှအနံဆိုးများ ပြင်းထန်ထွက်ပေါ်လာခြင်းသည်၊ မြို့၏ ပုံရိပ်နှင့် ပြည်သူများ၏ ကျန်းမာရေးအပေါ် သက်ရောက်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။ဒေသခံများအနေဖြင့်လည်း အမှိုက်များကို စည်းကမ်းမဲ့ မပစ်ရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ထိရောက်စွာအရေးယူမှု ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ၎င်းကဆိုသည်။



