မကွေးတိုင်းဒေသကြီး အောင်လံမြို့ အိမ်ခြံမြေစျေးကွက်မှာ ဝယ်လိုအားနဲ့ရင်းနှီးမြှုပ်နှံသူ ပိုမိုများပြားလာတဲ့ အတွက် စျေးနှုန်းတွေ မြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ အောင်လံမြို့ ရဲ့အဓိကအချက်အချာကျတဲ့ စက်ရုံ၊ စမ်းချောင်း၊ ရွာထောင်နဲ့ မြို့အတွင်းရပ်ကွက်တွေမှာ မြေကွက် စျေးတွေ နှစ်ဆမက မြင့်တက်နေတယ်လို့ ဆိုပါတယ်။အောင်လံမြို့မှာ ရပ်ကွက်ကြီး ၉ ခုရှိရာ အခုအခါ ရွှေ့ပြောင်းနေထိုင်သူတွေ ပိုမိုများပြားလာတာနဲ့ မြေကွက်တွေ အပေါ် ရင်းနှီးမြှုပ်နှံသူတွေက ပိုမိုစိတ်ဝင်စားလာတာတွေကြောင့် မြေစျေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ အရင်က မြို့ပတ်လမ်းဘေးပေ ၄၀ X ၆၀ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၇၀၀ ၊ ၈၀၀ ကနေ အခု အခါ ကျပ်သိန်း ၁၅၀၀ ကနေ ၂၀၀၀ အထိ စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။
Apr 08 • 8:28 AM
Myanmar
Magway
Share
| 14 | 0 | 0 | 0 |


