ရတနာပုံအသင်း၏ တိုက်စစ်ပိုင်းအတွက် အားဖြည့်ရန် မြန့်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဆွင်းလမ်မန်ကိုအသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ဆွင်းလမ်မန်သည် ပြည်တွင်းနှင့် ပြည်ပကလပ်အသင်းများတွင် ကစားခဲ့သည့် အတွေ့အကြုံရင့်သူဖြစ်သလို ဂိုးသွင်းယူနိုင်စွမ်း မြင့်မားပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားတတ်သည့် ကစားသမားတစ်ဦး ဖြစ်သည်ဟု အသင်းက ဖော်ပြထားသည်။ရတနာပုံအသင်းအနေဖြင့် နည်းပြချုပ် ဦးမင်းထွန်းလင်းကို ခန့်အပ်ခဲ့ပြီးနောက် ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဒဂုံစတားယူနိုက်တက် အသင်းခေါင်းဆောင် ဆွမ်လန်မန်ကို ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။ဆွမ်လန်မန်သည် လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သလို ထိုင်းလိဂ်ကလပ်များတွင် ကစားခဲ့သူဖြစ်ကာ မြန်မာနေရှင်နယ်လိဂ်ကလပ်များဖြစ်သည့် ဇွဲကပင်၊ ချင်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက် စသည့်အသင်းများတွင် ကစားခဲ့ဖူးသည့် ဝါရင့်ကစားသမား တစ်ဦးလည်း ဖြစ်သည်။
Apr 08 • 6:17 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


