၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေရာအချို့တွင် သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ လေပြင်းကြောင့် ရတနာမာရ်အောင်ရပ်ကွက်၊ သုခဝတီလမ်းနှင့် နယ်မြေ (၆) ရှိ အမက (၇) အနီးတို့တွင် သစ်ပင်များလဲကျခဲ့သည့်အပြင်၊ ဇောင်ချမ်းကုန်းကျေးရွာရှိ သူရိယလက်ဖက်ရည်ဆိုင်ပေါ်သို့လည်း သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ လဲကျနေသည့် သစ်ပင်များအား ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


