back

လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ အနည်းဆုံး ၅ သင်းအထိ ပါဝင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်

Apr 08 • 6:12 AM

breaking-news

Myanmar

International

cover

လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ အနည်းဆုံး ၅ သင်းအထိ ပါဝင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်

လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်မှ အနည်းဆုံး ၅ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်...

လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်မှ အနည်းဆုံး ၅ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ သတ်မှတ်ချက်အရ UEFA Coefficient အမှတ်အမြင့်ဆုံး နိုင်ငံနှစ်နိုင်ငံအား ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစီ ထပ်ဆောင်းပေးအပ်ရာတွင် ယခုနှစ်၌ အင်္ဂလန် (ပရီးမီးယားလိဂ်) က အမှတ် ၂၅.၀၁၃ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသောကြောင့် အဆိုပါ ထပ်ဆောင်းခွဲတမ်းကို ရရှိရန် သေချာသွားခြင်းဖြစ်သည်။ လက်ရှိတွင် စပိန်နှင့် ဂျာမနီတို့က ဒုတိယနှင့် တတိယနေရာများ၌ ရပ်တည်နေသော်လည်း အင်္ဂလန်၏ အမှတ်မှာ ပြိုင်ဘက်များ ကျော်တက်ရန် ခက်ခဲသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ယခုရာသီ ပရီးမီးယားလိဂ်၏ ထိပ်ဆုံး ၄ သင်းစာရင်းတွင် မပါဝင်သော အသင်းများက ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါလိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့ပါက လာမည့်ရာသီတွင် ပရီးမီးယားလိဂ်မှ အသင်းပေါင်း ၇ သင်းအထိ ချန်ပီယံလိဂ်သို့ တက်ရောက်ခွင့်ရရှိနိုင်မည့် အခွင့်အရေးလည်း ရှိနေကြောင်း  သိရှိရပါသည်။

news-view-count-icon

22