ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်နှင့် လမ်ဖွန်မြို့တို့တွင် ၁၁ ကြိမ်မြောက် Thai Waterways Festival ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အထိ "ဇာတိမြေမှာ သင်္ကြန်ဆင်နွှဲမယ်" ဆိုသည့် Theme ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ချင်းမိုင်မြို့ရှိ Wat Chedi Luang ဘုရားကျောင်းတွင် ရှေးဟောင်းလန်နာရိုးရာ ဆွမ်းလောင်းပွဲ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြို့ထဲလှည့်လည်ရေသပ္ပာယ်ပွဲနှင့် ဒေသအသီးသီးမှ လက်မှုပညာစုံလင်လှသည့် လန်နာကျေးရွာဇုန်များကို လေ့လာနိုင်မည်ဖြစ်ပြီး၊ လမ်ဖွန်မြို့တွင်မူ Ratchakaew နှင့် Inthayongyot လမ်းတစ်လျှောက်၌ မြောက်ပိုင်းရိုးရာပန်းအလှဆင်မှုများ၊ ဒေသထွက်ငွေထည်နှင့် ရက်ကန်းထည် အရောင်းဆိုင်များဖြင့် စည်ကားနေမည်ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် လမ်ဖွန်တွင် ကျော်ကြားသော ဘုန်းတော်ကြီး Kruba Sriwichai ၏ ၁၅၀ ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် လှည့်လည်ပူဇော်ပွဲကြီးကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ရာ ခရီးသွားများအနေဖြင့် ခရီးစဉ်တစ်ခုတည်းဖြင့် မြို့နှစ်မြို့၏ ထူးခြားသော သင်္ကြန်ရိုးရာများကို တစ်ပြိုင်နက် ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ချင်းမိုင်နှင့် လမ်ဖွန်မြို့တို့တွင် "ဇာတိမြေသင်္ကြန်" Theme ဖြင့် (၁၁) ကြိမ်မြောက် Thai Waterways Festival ကို စည်ကားစွာကျင်းပမည်
Apr 08 • 6:11 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


