မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ယနေ့ ဧပြီ ၇ ရက်နေ့လည်ပိုင်းက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။" ဖြစ်စဥ်က တစ်နာရီလောက်ဘဲကြာတယ်။ ဒါပေမယ့် အဲဒီအချိန်လေးအတွင်းမှာကို အိမ်တွေပျက်စီးတာ၊ သစ်ပင်တွေလဲပြိုတာ၊ တစ်ချို့နေရာတွေမှာဆိုရင် ကားတွေပေါ်သစ်ပင်တွေလဲကျနေတာတွေအထိရှိတယ်။ အတော်ကြမ်းကြမ်းတိုက်သွားတာပါလေပြင်းက"ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိအချိန်၌ နေအိမ်ပျက်စီးမှုများ၊ သစ်ပင်လဲပြိုမှုများကြောင့်ပျက်စီးမှုများ၊ လမ်းပိတ်ဆို့နေမှုများ၊ လျှပ်စစ်ဓာတ်အားပေးတိုင်ပျက်စီးမှုများ၊ လျှပ်စစ်မီးကြိုးပျက်စီးမှုများအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းဖယ်ရှားပေးလျက်ရှိကာ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။
Apr 08 • 4:39 AM
Myanmar
Mandalay
Share
| 15 | 0 | 0 | 0 |


