back

အင်းလေးတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ

Apr 08 • 2:00 AM

breaking-news

Myanmar

Shan

cover

အင်းလေးတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့် စပါးစိုက်ပျိုးမှုများ လျော့နည်းလာကြောင်း သတင်းရရှိသည်။အင်းလေးဒေသအတွင်...

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့် စပါးစိုက်ပျိုးမှုများ လျော့နည်းလာကြောင်း သတင်းရရှိသည်။အင်းလေးဒေသအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ငလျင်ဒဏ်နှင့် ရေကြီး ရေလျှံမှုတို့ကြောင့် စပါးခင်း ဧက ရာချီ ပျက်စီးခဲ့ပြီး ဒေသခံများ စီးပွားရေးများစွာ ဆုံးရှုံးခဲ့ရသည်။လွန်ခဲ့သည့် (၂)နှစ် အတွင်း ရေကြီးရေလျှံမှုနှင့် ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုတို့တွင် ပါလာသည့် နုန်းမြေများကြောင့် အင်းလေးကန်အတွင်း မြေသားများမြင့်တက်လာပြီး ယခုနှစ် နွေရာသီတွင် ရေမျက်နှာပြင်မှာ တစ်ပေခွဲကျော်အထိ ကျဆင်းသွားကြောင်း သိရသည်။ထိုသို့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် သီးနှံထွက်နူန်းများ ကျဆင်းလာပြီး ဒေသခံများ၏ စားဝတ်နေရေးအတွက် ထိခိုက်မှုများ ရှိလာကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ထို့အပြင် အင်းလေးဒေသအပါဝင် သျှမ်းတောင်တွင် ယခင်နှစ်များထက် အပူရှိန် ပိုမိုမြင့်တက်လာပြီး တစ်နှစ်ထက် တစ်နှစ်ပို၍ ပူလာသည်ကို ခံစားလာနေရသည်။ယခုလက်ရှိ အင်းလေးကန်သည် မိုးအနည်းငယ်ရွာလျှင် ရေများတက်လာပြီး နေပူရှိန်ပြင်းလျှင် ကုန်းမြေများ ပေါ်သည်အထိ ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

news-view-count-icon

17