back

ထိုင်းတွင် ဆုန်ကရန်အပြီး ဆီဆိုင်များကို ညဘက် ပိတ်ထားရန်စီစဉ်

Apr 08 • 1:59 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ဆုန်ကရန်အပြီး ဆီဆိုင်များကို ညဘက် ပိတ်ထားရန်စီစဉ်

ထိုင်းသင်္ကြန်ဟု လူသိများသည့် ဆုန်ကရန်ပွဲတော်အပြီး ထိုင်းနိုင်ငံအတွင်းရှိ ဆီဆိုင်များကို ညဘက် ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ယနေ့တွင...


ထိုင်းသင်္ကြန်ဟု လူသိများသည့် ဆုန်ကရန်ပွဲတော်အပြီး ထိုင်းနိုင်ငံအတွင်းရှိ ဆီဆိုင်များကို ညဘက် ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ယနေ့တွင် ပြောသည်။ စွမ်းအင်ချွေတာရေး အစီအစဉ်အနေဖြင့် လာမည့် ဧပြီလ ၂၀ ရက်မှစ၍ နိုင်ငံတဝန်း ဆီဆိုင်အားလုံးကို ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ပိတ်ထားရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ဆုန်ကရန်ပွဲတော်ကာလ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း အိမ်ပြန်မည့်သူများနှင့် လည်ပတ်မည့် သူများအတွက် ထိခိုက်စေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။ဆုန်ကရန် ပွဲတော်အပြီး လူအများ ပုံမှန်လုပ်ငန်း လည်ပတ်နေသည့်အချိန်မှသာ ၎င်းအစီအစဉ်ကို အကောင်အထည် ဖော်မည်ဖြစ်သဖြင့် ပွဲတော်ကာလတွင် မိဘအိမ်ကို အေးဆေးစွာပြန်နိုင်ကြောင်း ၎င်းက ဆိုသည်။

news-view-count-icon

21