back

ကယားပြည်နယ်၊ဒီးမော့ဆို၌ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲကို ပြန်လည် ကျင်းပ

Apr 08 • 1:35 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဒီးမော့ဆို၌ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲကို ပြန်လည် ကျင်းပ

ကယား (ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာက ရွာခံတွေဟာ ကျေးရွာကို ပြန်လာပြီး ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၆ ရ...

ကယား (ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာက ရွာခံတွေဟာ ကျေးရွာကို ပြန်လာပြီး ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။တံခွန်တိုင်ပွဲတော်အတွင်းမှာ ကြက်ရိုးထိုးဗေဒင်နဲ့ ဝက်အတွင်းကလီစာတွေကြည့်ပြီး ဗေဒင် မေးကြတဲ့အချိန်မှာ ကြက်ရိုးနဲ့ ဝက်အသဲ အောင်တာကြောင့် ပီတိဖြစ်တယ်လို့‌ ဒေသခံ တဦးက အခုလိုပြောပါတယ်။“ဒီကနေ့ ကြက်ရိုးထိုးတာကတော့ အောင်တယ်။ ကောင်းတယ်။ ဝက်အသဲကလည်း တော်တော်လှတယ်။ ခုလို အောင်တော့ ရပ်ရွာ အတွက် စိတ်အေးရတယ်။ ပီတိလည်း ဖြစ်တယ်” လို့ ဒေသခံ ရွာသားတစ်ဦးကပြောပါတယ်။ ဓလေ့အရ တံခွန်တိုင်အောက်မှာတော့ ကြက်ရိုးကော ၊ ဝက်ကော (၂) ခုလုံးရဲ့ အဖြေကို ရယူရတာ ဖြစ်ပါတယ်။အဆိုပါ ကျေးရွာအတွင်းမှာတော့ အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိပေမယ့် ကျေးရွာအတွင်း ပြန်လည်နေထိုင် နိုင်ခြင်းမရှိကြသေးပဲ နေရပ်စွန့်ခွာ စခန်းမှာသာ ဆက်လက်နေထိုင်နေကြသေးတာပါ။

news-view-count-icon

16