back

တရုတ်သမ္မတက ကျောင်းထုန်းတက္ကသိုလ်ကျောင်းလေးကျောင်း၏ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်စာပေးပို့

Apr 08 • 1:34 AM

breaking-news

China

Local News

cover

တရုတ်သမ္မတက ကျောင်းထုန်းတက္ကသိုလ်ကျောင်းလေးကျောင်း၏ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်စာပေးပို့

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီရက်ပိုင်းက ရှန်ဟိုင်းကျောင်းထုန်းတက္...

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီရက်ပိုင်းက ရှန်ဟိုင်းကျောင်းထုန်းတက္ကသိုလ်၊ ရှီးအန်းကျောင်းထုန်းတက္ကသိုလ်၊ အနောက်တောင်ကျောင်းထုန်းတက္ကသိုလ်၊ ပေကျင်းကျောင်းထုန်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတစ်ရပ်လုံးအား ပြန်စာပေးပို့ကာ ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးအနက်မျှော်လင့်မှုများ ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်က သင်တို့ရှိရာ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းလေးကျောင်းသည် အသက်သွေးကြောချင်း ဆက်နွှယ်လျက်ရှိပြီး ယခုနှစ်တွင် ကျောင်းတည်ထောင်သည့် နှစ်ပေါင်း ၁၃၀ ပြည့်နှစ် အထိမ်းအမှတ်ကို အတူတကွကြိုဆိုခြင်းဖြစ်ရာ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်း တစ်ရပ်လုံးနှင့် များပြားလှသော ကျောင်းသားဟောင်းများအား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

news-view-count-icon

13