back

ထိုင်းနိုင်ငံ၊စံခလပူရီတွင် လောင်စာဆီဈေးကြီးမြင့်မှုကြောင့် ခရီးသွားဦးရေ ရုတ်တရက်ကျဆင်းသွား

Apr 08 • 1:28 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊စံခလပူရီတွင် လောင်စာဆီဈေးကြီးမြင့်မှုကြောင့် ခရီးသွားဦးရေ ရုတ်တရက်ကျဆင်းသွား

ထိုင်းနိုင်ငံ၌ လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် ဆီပြတ်လပ်မှုဒဏ်ကြောင့် ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်ရှိ "ရေအောက်မြို့ဟောင်း" (Muang Badan) ခရီ...

ထိုင်းနိုင်ငံ၌ လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် ဆီပြတ်လပ်မှုဒဏ်ကြောင့် ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်ရှိ "ရေအောက်မြို့ဟောင်း" (Muang Badan) ခရီးသွားလုပ်ငန်းမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ လုပ်ငန်းရှင်များမှာ ယခုအခြေအနေသည် ကိုဗစ်ကာလထက်ပင် ပိုမိုဆိုးရွားစွာ ထိခိုက်ခံစားနေရကြောင်း ညည်းတွားနေကြပြီး၊ ကုန်ကျစရိတ်ကို မတတ်နိုင်တော့သည့် ဆိုင်ခန်းများမှာလည်း တဖြည်းဖြည်း ပိတ်သိမ်းလာကြသည်။ တစ်ဖက်တွင်လည်း ဖောင်အိမ်ပိုင်ရှင်များက ဖောက်သည်များ လက်မလွှတ်ရစေရန်အတွက် ဘိုကင်ရက်ရွှေ့ဆိုင်းမှုကို ခွင့်ပြုပေးနေရသည်။ အဓိကခရီးသွားနေရာဖြစ်သည့် ဆရာတော် ဥတ္တမတံတား (မွန်တံတား) နှင့် ဝင်ကကျေးရွာ အမှတ် (၂) ရပ်ကွက်ရှိ မွန်လူမျိုးစုအသိုင်းအဝိုင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ခြောက်ကပ်နေသည်ကို တွေ့ရသည်။ တံတားပေါ်တွင် ရှုခင်းကြည့်ရှုသူနှင့် ဈေးဝယ်သူ ခရီးသွား ၁၀၀ ဦးပင် မပြည့်ကြောင်း တွေ့ရသည်။

news-view-count-icon

19