ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအတွင်း အခြေလုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၁၂၅ဦးနှင့် လာအိုနိုင်ငံသူ တစ်ဦးက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ယမန်နေ့ ဧပြီလ ၇ရက် နေ့လယ် ၁နာရီဝန်းကျင်တွင် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၃,၀၀၀ ခန့်အကွာ၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃,၀၀၀ ခန့်အကွာနေရာတွင် ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။ယင်းအဆောက်အဦများအတွင်းမှ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၂၂ ဦးနှင့် အမျိုးသမီး ၃ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး၊ စုစုပေါင်း တရားမဝင်ပြည်ပနိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ် သော မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနှင့် မီးစက်ကြီး ၁ လုံး တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် တောတောင်ထဲတွင် အခြေချသည့် ကျားဖြန့် တရုတ်နိုင်ငံသား ၁၂၅ဦးနှင့် လာအိုသူတစ်ဦး ဖမ်းဆီးရမိ
Apr 08 • 1:27 AM
Myanmar
Shan
Share
| 14 | 0 | 0 | 0 |


