ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ ရန်ကုန်အရှေ့ပိုင်း၊ အနောက်ပိုင်း၊ လှိုင်သာယာနှင့် သန်လျင်ပြည်သူ့ဆေးရုံကြီးတို့တွင် အပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပွားလာနိုင်သည့် ကျန်းမာရေးပြဿနာများကို ကုသပေးရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ ဆေးရုံအသီးသီးတွင် လူနာလက်ခံမည့်နေရာများ သတ်မှတ်ခြင်း၊ လိုအပ်သော ဆေးဝါးနှင့် စက်ကိရိယာများ ဖြည့်ဆည်းခြင်းအပြင်၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း အပူဒဏ်ကြောင့် အရေးပေါ်ဖြစ်ပွားတတ်သည့် ရောဂါဝေဒနာရှင်များအား စနစ်တကျ ကုသပေးနိုင်ရန် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်ပြင်ဆင်ပေးထားကြောင်း သိရှိရပါသည်။
Apr 07 • 3:43 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


