back

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်နေ

Apr 07 • 3:41 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်နေ

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး (၆) ခုတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV Index) ၁၁ အထက်အထိ မြင့်တက်နေပြီ...

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး (၆) ခုတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV Index) ၁၁ အထက်အထိ မြင့်တက်နေပြီး အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ သိရသည်။ UV11+ အဆင့်သို့ ရောက်ရှိနိုင်သည့် ဒေသများတွင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်ပြည်နယ်တို့ ပါဝင်နေပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အများအပြားတွင်လည်း အပူရှိန်ပြင်းထန်လျက်ရှိသည်။ထို့ပြင် ဧပြီလ ၅ ရက်နေ့ တိုင်းထွာချက်များအရ ချောက်၊ မုံရွာ၊ မကွေးနှင့် မန္တလေး အပါအဝင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၉ မြို့သည် ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နေ့လယ်ဘက်အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန်များအသုံးပြုခြင်းဖြင့် နေရောင်ခြည်အန္တရာယ်ကို ဂရုပြုကာကွယ်ကြရန် ကျန်းမာရေးပညာရှင်များက သတိပေးထားပါသည်။

news-view-count-icon

24