back

ထိုင်းနိုင်ငံ စမွတ်စာခွန်မှာ သေ_နတ်ပြခြိမ်းခြောက်တဲ့ မြန်မာအမျိုးသမီး အဖ-မ်းခံရ

Apr 07 • 2:24 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ စမွတ်စာခွန်မှာ သေ_နတ်ပြခြိမ်းခြောက်တဲ့ မြန်မာအမျိုးသမီး အဖ-မ်းခံရ

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်က အဆောင်တစ်ခုမှာ အခြားရွှေ့ပြောင်းအလုပ်သမားတွေကို သေ_နတ်ပြခြိမ်းခြောက်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့...

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်က အဆောင်တစ်ခုမှာ အခြားရွှေ့ပြောင်းအလုပ်သမားတွေကို သေ_နတ်ပြခြိမ်းခြောက်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းဖ-မ်းဆီးခဲ့ပြီး .၃၈ ပစ္စတိုတစ်လက်နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလုပ်သမားအဆောင်မန်နေဂျာက သတင်းပေးချက်ကြောင့် အခုလို ဖ-မ်းဆီးခဲ့တာပါ။ အဆောင်မှာနေထိုင်တဲ့ မြန်မာဇနီးမောင်နှံဟာ ရန်လိုတဲ့အမူအရာတွေပြသပြီး သေ_နတ်ထုတ်ကာ မကြာခဏ ခြိမ်းခြောက်လေ့ရှိတာကြောင့် အဆောင်မှာရှိတဲ့ အခြားအလုပ်သမားတွေနဲ့ ပတ်ဝန်းကျင်ကလူတွေဟာ အမြဲတမ်း ကြောက်လန့်နေခဲ့ကြရတာ ဖြစ်ပါတယ်။ဧပြီလ ၅ ရက်နေ့ ည ၈ နာရီမှာတော့ လဝကရဲတပ်ဖွဲ့က အဲဒီအခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၄၂ နှစ်အရွယ် မဆန်းဆိုတဲ့ မြန်မာအမျိုးသမီးကို တွေ့ရှိခဲ့ပါတယ်။ အခန်းထဲကို သေချာရှာဖွေရာမှာတော့ .၃၈ လက်နက်၊ ကျည်ကတ် နှစ်ခု၊ ကျည်ဆန်တွေနဲ့ သေ_နတ်သန့်ရှင်းရေးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာကြောင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့်ပြီး ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။




news-view-count-icon

21