နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်တွင် တည်ရှိသည့် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မြေသားတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အကူရေပိုလွှဲအနီးတွင် ရေတံခါးတပ် အရေးပေါ်ရေပိုလွှဲ ထပ်မံဖြည့်စွက်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေတံခါးတပ်အရေးပေါ်ရေပိုလွှဲကို အတည်ပြုဒီဇိုင်းပုံစံများအတိုင်း အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ အရေးပေါ်ရေပိုလွှဲနှင့် မြေသားတမံထိစပ်သောနေရာများတွင် မြေပြန်ဖို့ရာ၌ မြေသားသိပ်သည်းမှု ကောင်းမွန်စေရန်အတွက် အလွှာအလိုက် တစ်ဆင့်ချင်း စနစ်တကျဆောင်ရွက်ရန်၊ မြေသားတမံပြုပြင်ခြင်းလုပ်ငန်းတွင် အပေါ်ယံမြေလွှာများအား စနစ်တကျဖယ်ရှားရန်၊ မြေသားများ ပြန်လည် ဖို့ကြိတ်ရာတွင်လည်း သင့်လျော်ကောင်းမွန်သည့် မြေအမျိုးအစားဖြင့် အလွှာလိုက်ဖို့၍ သိပ်သည်းမှုကောင်းအောင် စနစ်တကျဆောင်ရွက်ရန်၊ တမံအခြေရှိ ရေစစ်ကျောက်ရိုးကို အရည်အသွေးကောင်းမွန်သည့် ကျောက်များဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ တမံမှ ရေစစ်လွှာများနှင့် ရေစစ်ကျောက်ရိုးတို့အား ကောင်းမွန်စွာချိတ်ဆက် မိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ဆည်အတွင်း ရေသိုလှောင်မှု လျော့နည်းနေသည့်အချိန်တွင် ပြုပြင်ခြင်းဖြစ်သောကြောင့် တမံအတွင်း စုဆောင်းပြီး ရေများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ မြို့ရေပေးဝေ ရေးအတွက် သုံးစွဲနိုင်ရေးနှင့် လုပ်ငန်းအမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားသည်။ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာဧက ၁၅၀၀၊ တမံအမြင့်ပေ ၆၀၊ တမံအလျားပေ ၁၁၂၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၁၇ နှစ်ရှိပြီဖြစ်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှ တာဝန်ယူ ထိန်းသိမ်းထားသော တမံတစ်ခုဖြစ်ကြောင်း သိရသည်။ဆင်သေရေလှောင်တမံအနေဖြင့် ယခုနှစ်၂၀၂၅-၂၀၂၆ နွေသီးနှံရာသီတွင် နွေစပါးနှင့် နွေ အခြားသီးနှံ လျာထားဧကပေါင်း ၁၁,၅၈၀ ရှိသည့် အနက် ယနေ့အထိ နွေစပါး ဧက ၈,၄၈၈ ဧကနှင့် နွေ အခြားသီးနှံ ဧက ၈၈၀ ကို စိုက်ပျိုးရေပေးဝေထားရှိ ပြီး ကျန်ဧကများကိုလည်း စိုက်ပျိုးရေဆက်လက် ပေးဝေလျက်ရှိကြောင်း သိရသည်။



