ပြည်တွင်းအဝေးပြေးကားလက်မှတ်များနှစ်ဆခန့်မြင့်တက်လာသည့်အတွက် သင်္ကြန်ကာလနေရပ်ပြန်မည့်သူနည်းပါးလာကြောင်း အဝေးပြေးကားလက်မှတ်အရောင်းဌာနများထံမှသိရသည်။လက်ရှိတွင်စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးကားလက်မှတ်ခများ ဈေးမြင့်တက်လာပြီး ယခင်ကရန်ကုန်မှမကွေးသို့ကားခ ၄၀,၀၀၀ ကျပ်သာပေးရသော်လည်း ယခုနှစ်တွင်လတ်မှတ်ခ ၈၀,၀၀၀ ကျပ်အထိတက်သွားကြောင်းသိရသည်။ယခင်နှစ်များတွင် ကားလတ်မှတ်များရောင်းမလောက်ဖြစ်သည့်အပြင် ကားများပါ ထပ်တိုးပြေးဆွဲခဲ့ရကြောင်း၊ ယခုနှစ်တွင်ကားတစ်စီးထွက်ဖို့ပင် မလွယ်ကူကြောင်း ကားလက်မှတ်အရောင်းဌာနများထံမှ သိရသည်။



