back

၂ နှစ်နဲ့ ၃ လအကြာမှာ ခင်ပွန်းဖြစ်သူအဆိုတော် စိုင်းလွှမ်းနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သင်ဇာရဲဝင်း

Apr 07 • 1:16 AM

breaking-news

Myanmar

Local

breaking-news
cover

၂ နှစ်နဲ့ ၃ လအကြာမှာ ခင်ပွန်းဖြစ်သူအဆိုတော် စိုင်းလွှမ်းနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သင်ဇာရဲဝင်း

သင်ဇာရဲဝင်းက ၂၀၂၄ ခုနှစ် ဧပြီလမှာပဲ ထက်ထက်မိုးဦးရဲ့ ခင်ပွန်းဟောင်း စိုင်းလွှမ်းနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကမ်းခြေမှာပဲ မင်္ဂလာပွဲကိုကျင်းပပြီးနောက်ပိုင်းမှာတော...

သင်ဇာရဲဝင်းက ၂၀၂၄ ခုနှစ် ဧပြီလမှာပဲ ထက်ထက်မိုးဦးရဲ့ ခင်ပွန်းဟောင်း စိုင်းလွှမ်းနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကမ်းခြေမှာပဲ မင်္ဂလာပွဲကိုကျင်းပပြီးနောက်ပိုင်းမှာတော့ သူမဟာ လူမှုကွန်ယက်အကောင့်တွေသုံးစွဲမှုကနေ ပျောက်သွားတာ တွေ့ရပါတယ်။ သူမဟာ လက်ရှိအချိန်မှာတော့ စိုင်းလွှမ်းနဲ့ ခွဲခွာပြီး မိဘတွေနဲ့အတူတူ နေထိုင်နေတယ်လို့ ဆိုပါတယ်။ စိုင်းလွှမ်းဟာ သူမရဲ့ ဆိုရှယ်မီဒီယာသုံးစွဲနေမှုတွေကို လိုက်လံထိန်းချုပ်နေပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ ဇနီးသည်ဖြစ်ခဲ့ဖူးတဲ့ မထက်အပေါ် နားလည်မှုပေးဖို့ ခက်ခဲခဲ့ပေမယ့် ယခုအချိန်မှာတော့ အပြည့်အဝနားလည်သွားပြီဖြစ်ကြောင်း သူမက ပြောပါတယ်။


news-view-count-icon

40