back

အယုဒ္ဓယရှိ ဆေးသုတ်လုပ်ငန်းတွင် ပအိုဝ်းတိုင်းရင်းသူတစ်ဦးကို ထိုင်း အလုပ်သမားခေါင်းဆောင် အဓမ္မကျင့်

Apr 06 • 11:35 AM

breaking-news

Thailand

Local News

cover

အယုဒ္ဓယရှိ ဆေးသုတ်လုပ်ငန်းတွင် ပအိုဝ်းတိုင်းရင်းသူတစ်ဦးကို ထိုင်း အလုပ်သမားခေါင်းဆောင် အဓမ္မကျင့်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ လမ်လုကာ ခြောင် (၈) ဒေသရှိ ဆေးသုတ်လုပ်ငန်းတစ်ခုတွင် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမားတစ်ဦးအား ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်တစ်ဦးက အ...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ လမ်လုကာ ခြောင် (၈) ဒေသရှိ ဆေးသုတ်လုပ်ငန်းတစ်ခုတွင် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမားတစ်ဦးအား ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်တစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ ပအိုဝ်းလူမှုကူညီရေးအဖွဲ့ထံ တိုင်ကြားထားပြီး၊ ယမန်နေ့ ဧပြီ ၅ ရက်နေ့တွင် သက်ဆိုင်ရာအာဏာပိုင်များထံ အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။အဓမ္မကျင့်ခံရသူ အလုပ်သမားအမျိုးသမီးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်မှာ ၃ လခန့်သာ ရှိသေးပြီး၊ ထိုင်းဘာသာစကား မကျွမ်းကျင်သေးသလို တရားဝင် အထောက်အထားများ ဖြစ်သည့် အလုပ်လုပ်ခွင့်လက်မှတ်နှင့် အလုပ်သမားကတ်များလည်း မရှိသေးကြောင်း သိရသည်။လက်ရှိတွင် ပအိုဝ်းလူမှုကူညီရေးအဖွဲ့မှ ထိခိုက်နစ်နာသူအတွက် ဥပဒေရေးရာ အကူအညီများ၊ ဘာသာပြန်အကူအညီများနှင့် လူမှုရေးထောက်ပံ့မှုများ ဆက်လက် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။


news-view-count-icon

12