back

မဲဆောက်–တာ့ခ်လမ်းမမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၅ ဦးသေ၊ ၉ ဦးဒဏ်ရာရ

Apr 06 • 11:34 AM

breaking-news

Thailand

Local News

cover

မဲဆောက်–တာ့ခ်လမ်းမမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၅ ဦးသေ၊ ၉ ဦးဒဏ်ရာရ

ဒီနေ့ ဧပြီ ၆ ရက် နေ့လည် ၂ နာရီခွဲခန့်က မဲဆောက်နဲ့ တာ့ခ်သွားရာ လမ်းမပေါ်မှာ ခရီးသည်တင်ဗင်ကားတစ်စီးက နောက်တွဲယာဉ်ကို အနောက်ကနေ ဝင်တိုက်မိခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၉...

ဒီနေ့ ဧပြီ ၆ ရက် နေ့လည် ၂ နာရီခွဲခန့်က မဲဆောက်နဲ့ တာ့ခ်သွားရာ လမ်းမပေါ်မှာ ခရီးသည်တင်ဗင်ကားတစ်စီးက နောက်တွဲယာဉ်ကို အနောက်ကနေ ဝင်တိုက်မိခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၉ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူတွေမှာ ယာဉ်မောင်း အမျိုးသားတစ်ဦးနဲ့ ခရီးသည် အမျိုးသမီး ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူ ၉ ဦးထဲမှာ မြန်မာလူမျိုး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးက အခြေအနေ ဆိုးဝါးတယ်လို့ ဆိုပါတယ်။ဖြစ်ပွားချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ချက်ချင်း ရောက်ရှိလာပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို Somdej Phra Taksin Maharaj Hospital ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


news-view-count-icon

14