မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ ဧပြီလ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သည့် ဘုရားဖူးဦးရေ ၁၈၇,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ ယခုနှစ်ပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပနေခြင်းဖြစ်ပြီး၊ အစိုးရရုံးပိတ်ရက်ရှည်များနှင့် စနေ၊ တနင်္ဂနွေရက်များတွင် တည်းခိုဆောင်များ ပြည့်သည့်အထိ ယခင်နှစ်ထက် ပိုမိုစည်ကားလျက်ရှိသည်။ သင်္ကြန်ကာလအပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပွဲတော်ပိတ်သိမ်းမည်ဖြစ်ရာ ပိတ်ရက်နီးကပ်လာသည်နှင့်အမျှ ဘုရားဖူးလာရောက်သူ ပိုမိုများပြားလာဖွယ်ရှိကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကို၏ ပြောကြားချက်အရ သိရှိရပါသည်။
Apr 06 • 7:34 AM
Myanmar
Mandalay
Share
| 33 | 0 | 0 | 0 |


