ယနေ့ ဧပြီလ ၆ ရက်တွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပလျက်ရှိသည်။ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ရွေးချယ်ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်း၊ ကန့်ကွက်ခြင်းနှင့် နိုင်ငံတော်သမ္မတမှ အဆိုပြုပေးပို့လာသည့် တိုင်းဒေသကြီး ဝန်ကြီးဌာန အရေအတွက်၊ ဝန်ကြီးဦးရေနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအဆိုပြုချက်ကို လွှတ်တော်သို့ တင်ပြခြင်းတို့ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရေး နှင့် တိုင်းဒေသကြီး ဝန်ကြီးဌာနအရေအတွက်၊ ဝန်ကြီးဦးရေနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးရေ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူမည် ဖြစ်ကြောင်းသိရသည်။
Apr 06 • 5:55 AM
Myanmar
Yangon
Share
| 21 | 0 | 0 | 0 |


