ယနေ့ ဧပြီလ (၆) ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော် သမ္မတက အဆိုပြုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနအရေအတွက်နှင့် ဝန်ကြီးများ၏ စာရင်းကို လွှတ်တော်သို့ တင်ပြသွားရန်ရှိနေသည်။ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ်ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့ကိုလည်း လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပမည့် ပြည်တော်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့အသစ်ကို လွှတ်တော်သို့ တင်ပြမည်
Apr 06 • 5:30 AM
Myanmar
Yangon
Share
| 18 | 0 | 0 | 0 |


