မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်း မဲခေါင်ဒေသခွဲနိုင်ငံများတွင် Fire Hotspot (မီးလောင်ကျွမ်းမှုအချက်အခြာ) နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အခြေအနေမှာ သတိပေးချက်အဆင့် ၃ (Alert Level 3) သို့ ရောက်ရှိနေကြောင်း မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။ အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASMC) ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှစ၍ အဆိုပါအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ဂြိုဟ်တုပုံရိပ်များအရ မြန်မာနှင့် လာအိုနိုင်ငံတို့တွင် Fire Hotspot များစွာကို နေရာအနှံ့အပြား တွေ့ရှိနေရသည်။လာမည့်သီတင်းပတ်များတွင်လည်း မဲခေါင်ဒေသ၌ မိုးခေါင်ရေရှားမှု ဆက်လက်တည်ရှိနိုင်ကာ လေတိုက်ခတ်မှုအခြေအနေများကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းကာ "Clear SKY Strategy" ပူးတွဲလုပ်ငန်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ပြည်သူများအနေဖြင့်လည်း အမှိုက်မီးရှို့ခြင်းများကို ရှောင်ကြဉ်ကာ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးတွင် ဝိုင်းဝန်းပူးပေါင်းပေးရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။
မြန်မာအပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ သတိပေးချက်အဆင့် (၃) ထုတ်ပြန်
Apr 06 • 5:25 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


