back

ဂျပန်နှင့် ဆက်စပ်သည့် ဒုတိယမြောက် LPG တင်သင်္ဘော ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့

Apr 06 • 5:22 AM

breaking-news

Japan

Local News

cover

ဂျပန်နှင့် ဆက်စပ်သည့် ဒုတိယမြောက် LPG တင်သင်္ဘော ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့

ဂျပန်နိုင်ငံ Mitsui O.S.K. Lines Ltd. နှင့် ချိတ်ဆက်ထားပြီး အိန္ဒိယအလံလွှင့်ထူထားသည့် LPG တင်သင်္ဘော Green Sanvi သည် အီရန်က ပိတ်ဆို့ထားသော ဟောမုဇ်ရေလက်ကြားကို ဘ...

ဂျပန်နိုင်ငံ Mitsui O.S.K. Lines Ltd. နှင့် ချိတ်ဆက်ထားပြီး အိန္ဒိယအလံလွှင့်ထူထားသည့် LPG တင်သင်္ဘော Green Sanvi သည် အီရန်က ပိတ်ဆို့ထားသော ဟောမုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သည့် ဒုတိယမြောက် ဂျပန်ဆက်စပ်ရေယာဉ် ဖြစ်လာကြောင်း ဂျပန်ဂျိဂျိသတင်းဌာနက ဖော်ပြသည်။ အဆိုပါသင်္ဘောသည် ပါရှန်ပင်လယ်ကွေ့မှ ထွက်ခွာ၍ အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေပြီဖြစ်ကာ သင်္ဘောသားများနှင့် ကုန်စည်များအားလုံး ဘေးကင်းကြောင်း ကုမ္ပဏီဘက်က အတည်ပြုထားသည်။လက်ရှိတွင် ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရေနံတင်သင်္ဘော ၁၂ စီး အပါအဝင် ဂျပန်နှင့် ဆက်စပ်သည့် သင်္ဘော ၄၃ စီးခန့် ပင်လယ်ကွေ့အတွင်း သောင်တင်နေဆဲဖြစ်သည်။ သောကြာနေ့ကလည်း Mitsui O.S.K. နှင့် အိုမန်ကုမ္ပဏီတို့ ပူးတွဲပိုင်ဆိုင်သည့် သင်္ဘောတစ်စီး ဖြတ်သန်းခွင့်ရရှိခဲ့ပြီး၊ ယခုကဲ့သို့ သင်္ဘောများ ဆက်တိုက်ဖြတ်သန်းခွင့်ရခြင်းမှာ ၎င်းတို့လွှင့်ထူထားသည့် အလံနှင့် တင်ဆောင်လာသည့် ကုန်စည်အမျိုးအစားများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ သောင်တင်နေသည့် သင်္ဘောများပေါ်ရှိ ဂျပန်သင်္ဘောသား ၂၄ ဦးအနက် ၄ ဦးမှာ နေရပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

6