back

ကမ္ဘောဒီးယားတွင် အပူလှိုင်းဖြတ်သန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး အပူချိန် ၃၉ ဒီဂရီအထိ ရှိလာနိုင်ကြောင်း ခန့်မှန်း

Apr 06 • 4:56 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားတွင် အပူလှိုင်းဖြတ်သန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး အပူချိန် ၃၉ ဒီဂရီအထိ ရှိလာနိုင်ကြောင်း ခန့်မှန်း

ကမ္ဘောဒီးယား မိုးလေဝသနှင့် ရေအသုံးချမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဧပြီလ ၅ ရက်မှ ၇ ရက်နေ့အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူရှိန်ပြင်းထန်မှုများ ဆက်လက်ရှိနေ...

ကမ္ဘောဒီးယား မိုးလေဝသနှင့် ရေအသုံးချမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဧပြီလ ၅ ရက်မှ ၇ ရက်နေ့အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူရှိန်ပြင်းထန်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး မြေပြန့်ဒေသများတွင် အမြင့်ဆုံး ၃၇ ဒီဂရီ၊ ကုန်းမြင့်ဒေသနှင့် ကမ်းရိုးတန်းဒေသများတွင် ၃၆ ဒီဂရီဝန်းကျင်စီ ရှိနိုင်ကာ အချို့နေရာများတွင် ၃၉ ဒီဂရီအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ အဆိုပါကာလအတွင်း ဖနွမ်းပင်အပါအဝင် ပြည်နယ်အများစုတွင် မိုးရွာသွန်းရန် အလားအလာမရှိဘဲ ခြောက်သွေ့ပူပြင်းနေမည်ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့်ဖြစ်တတ်သည့် ရောဂါများကို သတိပြုရန်နှင့် ရေများများသောက်သုံးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

8