အီရန်နိုင်ငံတစ်ဝန်းတွင် သမိုင်းတစ်လျှောက် မှတ်တမ်းတင်ရလောက်အောင် အရှည်ကြာဆုံးနှင့် အပြင်းထန်ဆုံး အင်တာနက်ဖြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ NetBlocks ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNN သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ပထမဆုံးအကြိမ် တိုက်ခိုက်မှုအပြီးတွင် အီရန်အစိုးရက နိုင်ငံအတွင်း အင်တာနက်ဝင်ရောက်ခွင့်ကို လုံးဝနီးပါး ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အီရန်နိုင်ငံသည် "ဒစ်ဂျစ်တယ်အမှောင်ကျနေသည့်နိုင်ငံ" အဖြစ် ရောက်ရှိနေပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆုံး အခြေအနေသို့ ဆိုက်ရောက်နေကြောင်း NetBlocks က သုံးသပ်ထားသည်ဟု သိရှိရပါသည်။
Apr 06 • 3:40 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


