back

အဖျောက်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ရန်ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အသုံးပြုလျက်ရှိ

Apr 06 • 3:38 AM

breaking-news

Myanmar

Yangon

cover

အဖျောက်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ရန်ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အသုံးပြုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော ဓာတ်ငွေ့များကို ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပ...


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော ဓာတ်ငွေ့များကို ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် အသုံးပြုနေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။ ၁၉၉၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည့် အဆိုပါဓာတ်ငွေ့မြေသည် ၂၀၁၉ ခုနှစ်တွင် ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့သော်လည်း၊ လက်ရှိတွင် သုတေသနပြု ဆောင်ရွက်မှုများကြောင့် တွင်းသစ်တစ်တွင်းနှင့် တွင်းဟောင်း ၄ တွင်းတို့မှ ဓာတ်ငွေ့များ ပြန်လည်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ အထူးသဖြင့် ထပ်မံထွက်ရှိလာသည့် တွင်းအမှတ် (၅၇) မှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၅ သန်းခန့် ထွက်ရှိနေပြီး၊ အဆိုပါဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ တက္ကစီများ၊ YBS ဘတ်စ်ကားများနှင့် ကုန်တင်ယာဉ်များတွင် အဓိကအသုံးပြုနေကြောင်း သိရှိရပါသည်။

news-view-count-icon

22