မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျေးရွာများတွင် ရပ်နားထားသည့် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်ပေးနေကြောင်း သိရသည်။လောင်းကစားဝိုင်းများကို တစ်ရွာမှတစ်ရွာ ပြောင်းရွှေ့ဖွင့်လှစ်နေသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များသည် မြကုန်းကျေးရွာ၊ ဦးတိုချောင်ကျေးရွာနှင့် မွေဟောက်ကျေးရွာတွင် ၂၀၂၅ နှစ်ကုန်ပိုင်းက ရပ်နားထားသည့် လောင်းကစားဝိုင်းများကို ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။လောင်းကစားဝိုင်းများ၏ အကျိုးဆက်ကြောင့် ယမန်နှစ်က အဆိုပါကျေးရွာအတွင်း နေထိုင်သူဒေသခံများ နေအိမ်ရှိပစ္စည်များ၊ ခြံထွက်သီးနှံများ မကြာခဏ ပျောက်ဆုံးမှုဖြစ်ခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ကော့ဒွန်းကော့ပနော့ကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။လက်ရှိ လောင်းကစားဝိုင်းများ ပြန်လည် လည်ပတ်လာသည့်အပေါ် အဆိုပါကိစ္စများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
Apr 06 • 2:55 AM
Myanmar
Mon
Share
| 15 | 0 | 0 | 0 |


